[ Zawgyi Version ]
Tencent ရဲ့ ေစ်းကြက္တန္ဖိုးဟာ အေမရိကန္ေဒၚလာ ၅၃၄.၅ ဘီလ်ံ ရိွလာပါတယ္။ လစဥ္သံုးစဲြသူ သန္း ၂၀၀၀ ေက်ာ္ရိွထားတဲ့ Facebook ဟာ ကမၻာ့အၾကီးဆံုးလူမႈကြန္ရက္အသိုင္းအဝိုင္းတစ္ခုကို ပိုင္ဆိုင္ထားေပမယ့္ ကုမၸဏီတန္ေၾကးအရ ေျပာမယ္ဆိုရင္ တရုတ္မွ WeChat ကို ပိုင္ဆိုင္တဲ့ Tencent ကို မမီွပါဘူး။
လူမႈကြန္ရက္ စာပို ့အက္ပလီေကးရွင္း ၊ ဂိမ္းနဲ ့တစ္ျခား contents ေတြနဲ ့ၾကီးပြားလာတဲ့ Tencent ဟာ အာရွမွာ ပထမဆံုး ဘီလ်ံ ၅၀၀ ေက်ာ္တန္ ကုမၸဏီၾကီး ျဖစ္လာျပီးေနာက္ ကမၻာ့အၾကီးဆံံုး ကုမၸဏီ ၅ ခုစာရင္းဝင္သြားပါတယ္။ ဒါဟာ ယခုႏွစ္ထဲ ေစ်းကြက္ရွယ္ယာ ႏွစ္ဆတိုးလာတဲ့ Tencent အတြက္ မဂၤလာသတင္းလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ တရုတ္ျပည္တြင္းက ျပိဳင္ဘက္ e-Commerce ကုမၸဏီ Alibaba ကိုလည္း ေက်ာ္ျဖတ္ႏိုင္ျပီ ျဖစ္ပါတယ္။
ေဟာင္ေကာင္စေတာ့ ရွယ္ယာေစ်းကြက္မွာ Tencent ကို ရင္းႏွီးျမွပ္ႏွံသူမ်ား ျမင့္တက္လာျခင္းေၾကာင့္ အခုဆို Tencent ရဲ့ ေစ်းကြက္တန္ဖိုးဟာ ေဟာင္ေကာင္ေဒၚလာ ၄.၁၇ ထရီလီယံ (အေမရိကန္ေဒၚလာ ၅၃၄.၅ ဘီလ်ံ) ရိွလာျပီျဖစ္တာေၾကာင့္ ေဒၚလာ ၅၁၉.၄ ဘီလ်ံတန္ Facebook ကို အသာေလး ေက်ာ္ျဖတ္သြားတာပါ။ အခုဆို Tencent ဟာ ေဒၚလာ ၅၄၂.၇ ဘီလ်ံတန္ Amazon နဲ ့ေနရာခ်င္းလဲေလာက္ေအာင္ နီးကပ္လာျပီ ျဖစ္ပါတယ္။ သို ့ေသာ္လည္း Tencent ဟာ ေဒၚလာ ၈၇၃ ဘီလ်ံေက်ာ္တန္တဲ့ Apple ကုိေတာ့ ယွဥ္လို ့မရေသးပါဘူး။
Tencent ဟာ WeChat လူမႈကြန္ရက္အျပင္ WeChat Pay ေငြေခ်စနစ္၊ Honor of Kings ဗီြဒီယိုဂိမ္းစတဲ့ နာမည္ၾကီး ထုတ္ကုန္ေတြေၾကာင့္ တဟုန္းထိုး ခ်မ္းသာလာတာလည္း ျဖစ္ပါတယ္။ ၂၀၀၄ ခုႏွစ္မွာ အမ်ားပုိင္ ကုမၸဏီအျဖစ္ ပထမဆံုးအၾကိမ္ ေျပာင္းခ်ိန္မွာ ရွယ္ယာတစ္စုကို ေဟာင္ေကာင္ေဒၚလာ ၃.၇ ေဒၚလာ ပဲ ရွိခဲ့ေပမယ့္ ၁၃ ႏွစ္အၾကာ ဒီေန ့အခ်ိန္မွာေတာ့ ရွယ္ယာတန္ေၾကးဟာ ရာခိုင္ႏႈန္း ၁၁၀၀၀ အထိ ျမင့္တက္လာခဲ့ျပီ ျဖစ္ပါတယ္။

[ Unicode Version ]
Tencent ရဲ့ စျေးကွက်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၅၃၄.၅ ဘီလျံ ရှိလာပါတယ်။ လစဉ်သုံးစွဲသူ သန်း ၂၀၀၀ ကျော်ရှိထားတဲ့ Facebook ဟာ ကမ္ဘာ့အကြီးဆုံးလူမှုကွန်ရက်အသိုင်းအဝိုင်းတစ်ခုကို ပိုင်ဆိုင်ထားပေမယ့် ကုမ္ပဏီတန်ကြေးအရ ပြောမယ်ဆိုရင် တရုတ်မှ WeChat ကို ပိုင်ဆိုင်တဲ့ Tencent ကို မမှီပါဘူး။

လူမှုကွန်ရက် စာပို ့အက်ပလီကေးရှင်း ၊ ဂိမ်းနဲ ့တစ်ခြား contents တွေနဲ ့ကြီးပွားလာတဲ့ Tencent ဟာ အာရှမှာ ပထမဆုံး ဘီလျံ ၅၀၀ ကျော်တန် ကုမ္ပဏီကြီး ဖြစ်လာပြီးနောက် ကမ္ဘာ့အကြီးဆုံံး ကုမ္ပဏီ ၅ ခုစာရင်းဝင်သွားပါတယ်။ ဒါဟာ ယခုနှစ်ထဲ စျေးကွက်ရှယ်ယာ နှစ်ဆတိုးလာတဲ့ Tencent အတွက် မင်္ဂလာသတင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ပြည်တွင်းက ပြိုင်ဘက် e-Commerce ကုမ္ပဏီ Alibaba ကိုလည်း ကျော်ဖြတ်နိုင်ပြီ ဖြစ်ပါတယ်။

ဟောင်ကောင်စတော့ ရှယ်ယာစျေးကွက်မှာ Tencent ကို ရင်းနှီးမြှပ်နှံသူများ မြင့်တက်လာခြင်းကြောင့် အခုဆို Tencent ရဲ့ စျေးကွက်တန်ဖိုးဟာ ဟောင်ကောင်ဒေါ်လာ ၄.၁၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၃၄.၅ ဘီလျံ) ရှိလာပြီဖြစ်တာကြောင့် ဒေါ်လာ ၅၁၉.၄ ဘီလျံတန် Facebook ကို အသာလေး ကျော်ဖြတ်သွားတာပါ။ အခုဆို Tencent ဟာ ဒေါ်လာ ၅၄၂.၇ ဘီလျံတန် Amazon နဲ ့နေရာချင်းလဲလောက်အောင် နီးကပ်လာပြီ ဖြစ်ပါတယ်။ သို ့သော်လည်း Tencent ဟာ ဒေါ်လာ ၈၇၃ ဘီလျံကျော်တန်တဲ့ Apple ကိုတော့ ယှဉ်လို ့မရသေးပါဘူး။

Tencent ဟာ WeChat လူမှုကွန်ရက်အပြင် WeChat Pay ငွေချေစနစ်၊ Honor of Kings ဗွီဒီယိုဂိမ်းစတဲ့ နာမည်ကြီး ထုတ်ကုန်တွေကြောင့် တဟုန်းထိုး ချမ်းသာလာတာလည်း ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ အများပိုင် ကုမ္ပဏီအဖြစ် ပထမဆုံးအကြိမ် ပြောင်းချိန်မှာ ရှယ်ယာတစ်စုကို ဟောင်ကောင်ဒေါ်လာ ၃.၇ ဒေါ်လာ ပဲ ရှိခဲ့ပေမယ့် ၁၃ နှစ်အကြာ ဒီနေ ့အချိန်မှာတော့ ရှယ်ယာတန်ကြေးဟာ ရာခိုင်နှုန်း ၁၁၀၀၀ အထိ မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။ 

Share To:

ModHero

Post A Comment:

0 comments so far,add yours

Enter Your Comment, We'll Publish...