[ Zawgyi Version ]
နည္းပညာ ကုမၸဏီႀကီးေတြ အေနနဲ႔ ပစၥည္းေတြထုတ္လုပ္တဲ့ ေနရာမွာ သတ္သတ္မွတ္မွတ္ ႀကီးၾကပ္စစ္ေဆးဖို႔ အရမ္း အေရးႀကီးပါတယ္။ ဒီလိုမ်ိဳး သတ္သတ္မွတ္မွတ္ မႀကီးၾကပ္၊ မစစ္ေဆးခဲ့တဲ့ အက်ိဳးဆက္ေၾကာင့္ အသုံးျပဳေတြ အတြက္ အႏၲရာယ္ေတြ ရွိနိုင္သလို၊ ကုမၸဏီရဲ့ ဂုဏ္သိကၡာလည္း က်ဆင္းသြားနိုင္ပါတယ္။
Lenovo ရဲ့ 5th Gen ThinkPad X1 Carbon Laptop ေတြ ထုတ္လုပ္ခဲ့ခ်ိန္တုန္းက ဝက္အူေတြကို ေသခ်ာမက်ပ္ခဲ့မိတာေၾကာင့္ Battery ကို ထိခိုက္နိုင္ၿပီး မီးေလာင္ေပါက္ကြဲမွု အႏၲရာယ္ ရွိနိုင္တဲ့အတြက္ ျပန္လည္သိမ္းဆည္းရေတာ့မွာ ျဖစ္ပါတယ္။ Lenovo ရဲ့ ေျပာၾကားခ်က္အရ အခုအခ်ိန္မွာ မီးေလာင္ေပါက္ကြဲမွု အႏၲရာယ္ ရွိနိုင္တဲ့ 5th Gen ThinkPad X1 Carbon Laptop အေရအတြက္ အလုံးေရ ၈၃,၅၀၀ ခန႔္ ရွိမယ္လို႔ သိရပါတယ္။
ဒီဇင္ဘာ ၂၀၁၆ ကေန ေအာက္တိုဘာ ၂၀၁၇ ၾကားထဲမွာ ထုတ္လုပ္ေရာင္းခ်ခဲ့တဲ့ 5th Gen ThinkPad X1 Carbon Laptop ေတြမွာသာ မီးေလာင္ေပါက္ကြဲမွု အႏၲရာယ္ ရွိနိုင္ၿပီး ၂၀၁၇ နိုဝင္ဘာလ ၁ ရက္ေန႔နဲ႔ ၁ ရက္ေန႔ေနာက္ပိုင္း ထုတ္လုပ္ေရာင္းခ်ခဲ့တဲ့ 5th Gen ThinkPad X1 Carbon Laptop ေတြမွာေတာ့ ဘာျပႆနာမွ မရွိဘူးလို႔ Lenovo က ေျပာထားပါတယ္။
အကယ္လို႔ မိမိရဲ့ 5th Gen ThinkPad X1 Carbon Laptop မွာ မီးေလာင္ေပါက္ကြဲမွု အႏၲရာယ္ ရွိနိုင္လား ဆိုတာကို သိခ်င္ရင္ေတာ့ Lenovo Support Website မွာ Machine Type နံပါတ္နဲ႔ Serial နံပါတ္ကို ရိုက္ထည့္ၿပီး စစ္ေဆးနိုင္ပါတယ္။ Machine Type နံပါတ္ကို မရွာတတ္တဲ့သူေတြ အတြက္လည္း ေအာက္ကပုံေတြမွာ ျပထားတဲ့အတိုင္းပဲ Lenovo က နမူနာပုံေတြလည္း လုပ္ေပးထားပါတယ္။
Lenovo အဆိုအရ Machine Type နံပါတ္ 20HQ, 20HR, 20K3, 20K4 တို႔မွာပဲ မီးေလာင္ေပါက္ကြဲမွု အႏၲရာယ္ ရွိနိုင္တယ္လို႔ သိရပါေသးတယ္။ ဒီကိစၥနဲ႔ ပက္သက္ၿပီး Lenovo ကေတာ့
“နိုင္ငံတကာက အသုံးျပဳေနသူေတြ ဆီကေန အပူခ်ိန္လြန္ကဲမွု ျပႆနာရွိေနတယ္ဆိုတဲ့ Report ေတြကို Lenovo မွ ရရွိခဲ့ၿပီး စစ္ေဆးၾကည့္တဲ့အခါမွာေတာ့ ထုတ္လုပ္ခဲ့တုန္းက ဝက္အူေတြကို ေသခ်ာမက်ပ္ခဲ့မိတာေၾကာင့္ ျဖစ္တယ္လို႔ သိရွိခဲ့ရပါတယ္။ ဒါေပမယ့္ အခုအခ်ိန္ထိေအာင္ေတာ့ ထိခိုက္မွုေတြ၊ ပ်က္စီးမွုေတြနဲ႔ ပက္သက္တဲ့ Report ေတြကိုေတာ့ မရရွိေသးပါဘူး”
လို႔ ေျပာၾကားထားပါတယ္။
ျပန္လည္ သိမ္းဆည္းေရးလုပ္ငန္းေတြကို Lenovo အေနနဲ႔ အေမရိကန္နိုင္ငံရဲ့ Cosumer Product Safety Commission (CPSC) နဲ႔အတူ ကေနဒါနိုင္ငံက အဖြဲ႕အစည္းေတြနဲ႔ပါ ပူးေပါင္းေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။ CPSC Website မွာ ေရးသားထားခ်က္မ်ားအရ အခုေလာေလာဆယ္မွာ မီးေလာင္ေပါက္ကြဲမွု အႏၲရာယ္ ရွိနိုင္တဲ့ 5th Gen ThinkPad X1 Carbon Laptop အေရအတြက္ အေမရိကန္နိုင္ငံမွာ အလုံးေရ ၇၈,၀၀၀ ခန႔္ရွိေနၿပီး ကေနဒါနိုင္ငံမွာေတာ့ အလုံးေရ ၅,၅၀၀ ခန႔္ ရွိေနတယ္လို႔ သိရပါတယ္။


[ Unicode Version ]
နည်းပညာ ကုမ္ပဏီကြီးတွေ အနေနဲ့ ပစ္စည်းတွေထုတ်လုပ်တဲ့ နေရာမှာ သတ်သတ်မှတ်မှတ် ကြီးကြပ်စစ်ဆေးဖို့ အရမ်း အရေးကြီးပါတယ်။ ဒီလိုမျိုး သတ်သတ်မှတ်မှတ် မကြီးကြပ်၊ မစစ်ဆေးခဲ့တဲ့ အကျိုးဆက်ကြောင့် အသုံးပြုတွေ အတွက် အန္တရာယ်တွေ ရှိနိုင်သလို၊ ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာလည်း ကျဆင်းသွားနိုင်ပါတယ်။

Lenovo ရဲ့ 5th Gen ThinkPad X1 Carbon Laptop တွေ ထုတ်လုပ်ခဲ့ချိန်တုန်းက ဝက်အူတွေကို သေချာမကျပ်ခဲ့မိတာကြောင့် Battery ကို ထိခိုက်နိုင်ပြီး မီးလောင်ပေါက်ကွဲမှု အန္တရာယ် ရှိနိုင်တဲ့အတွက် ပြန်လည်သိမ်းဆည်းရတော့မှာ ဖြစ်ပါတယ်။ Lenovo ရဲ့ ပြောကြားချက်အရ အခုအချိန်မှာ မီးလောင်ပေါက်ကွဲမှု အန္တရာယ် ရှိနိုင်တဲ့ 5th Gen ThinkPad X1 Carbon Laptop အရေအတွက် အလုံးရေ ၈၃,၅၀၀ ခန့် ရှိမယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၀၁၆ ကနေ အောက်တိုဘာ ၂၀၁၇ ကြားထဲမှာ ထုတ်လုပ်ရောင်းချခဲ့တဲ့ 5th Gen ThinkPad X1 Carbon Laptop တွေမှာသာ မီးလောင်ပေါက်ကွဲမှု အန္တရာယ် ရှိနိုင်ပြီး ၂၀၁၇ နိုဝင်ဘာလ ၁ ရက်နေ့နဲ့ ၁ ရက်နေ့နောက်ပိုင်း ထုတ်လုပ်ရောင်းချခဲ့တဲ့ 5th Gen ThinkPad X1 Carbon Laptop တွေမှာတော့ ဘာပြဿနာမှ မရှိဘူးလို့ Lenovo က ပြောထားပါတယ်။

အကယ်လို့ မိမိရဲ့ 5th Gen ThinkPad X1 Carbon Laptop မှာ မီးလောင်ပေါက်ကွဲမှု အန္တရာယ် ရှိနိုင်လား ဆိုတာကို သိချင်ရင်တော့ Lenovo Support Website မှာ Machine Type နံပါတ်နဲ့ Serial နံပါတ်ကို ရိုက်ထည့်ပြီး စစ်ဆေးနိုင်ပါတယ်။ Machine Type နံပါတ်ကို မရှာတတ်တဲ့သူတွေ အတွက်လည်း အောက်ကပုံတွေမှာ ပြထားတဲ့အတိုင်းပဲ Lenovo က နမူနာပုံတွေလည်း လုပ်ပေးထားပါတယ်။

Lenovo အဆိုအရ Machine Type နံပါတ် 20HQ, 20HR, 20K3, 20K4 တို့မှာပဲ မီးလောင်ပေါက်ကွဲမှု အန္တရာယ် ရှိနိုင်တယ်လို့ သိရပါသေးတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး Lenovo ကတော့

    “နိုင်ငံတကာက အသုံးပြုနေသူတွေ ဆီကနေ အပူချိန်လွန်ကဲမှု ပြဿနာရှိနေတယ်ဆိုတဲ့ Report တွေကို Lenovo မှ ရရှိခဲ့ပြီး စစ်ဆေးကြည့်တဲ့အခါမှာတော့ ထုတ်လုပ်ခဲ့တုန်းက ဝက်အူတွေကို သေချာမကျပ်ခဲ့မိတာကြောင့် ဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။ ဒါပေမယ့် အခုအချိန်ထိအောင်တော့ ထိခိုက်မှုတွေ၊ ပျက်စီးမှုတွေနဲ့ ပက်သက်တဲ့ Report တွေကိုတော့ မရရှိသေးပါဘူး”

လို့ ပြောကြားထားပါတယ်။

ပြန်လည် သိမ်းဆည်းရေးလုပ်ငန်းတွေကို Lenovo အနေနဲ့ အမေရိကန်နိုင်ငံရဲ့ Cosumer Product Safety Commission (CPSC) နဲ့အတူ ကနေဒါနိုင်ငံက အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ CPSC Website မှာ ရေးသားထားချက်များအရ အခုလောလောဆယ်မှာ မီးလောင်ပေါက်ကွဲမှု အန္တရာယ် ရှိနိုင်တဲ့ 5th Gen ThinkPad X1 Carbon Laptop အရေအတွက် အမေရိကန်နိုင်ငံမှာ အလုံးရေ ၇၈,၀၀၀ ခန့်ရှိနေပြီး ကနေဒါနိုင်ငံမှာတော့ အလုံးရေ ၅,၅၀၀ ခန့် ရှိနေတယ်လို့ သိရပါတယ်။


This contents is contributed by : techx.com.mm
Share To:

ModHero

Post A Comment:

0 comments so far,add yours

Enter Your Comment, We'll Publish...